Burmese

boy getting help from teacher in class
Burmese

WNY ၏ မိဘကွန်ရက်

သင့်ကလေး ဘယ်လို ပျိုးထောင်ပြီး လေ့လာသင်ယူနေသည့်အရေးကိစ္စ၌ သင်စိတ်ဝင်စားပါသလား။
အကယ်၍ သင့်ကလေး လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ ပြုမူဆက်ဆံခြင်း၊ သိနားလည်ခြင်းနှင့်
လေ့လာသင်ယူခြင်း စသည့်အရေးကိစ္စတို့၌ သင်စိတ်ဝင်စားလျှင်၊ အကယ်၍ သင့်ကလေးအတွက်
ရှာဖွေဖော်ထုတ်ထားသော (သို့) သံသယရှိနေသော မသန်မစွမ်းဖြစ်မှုတစ်ခုခုရှိနေလျှင်၊ ကျွနု်ပ်တို့က
အကူအညီပေးနိုင်ပါသည်!

1 ယောက်ချင်း 1 ယောက်ချင်း ကူညီပ့ံပိုးပေးသော အထူးကျွမ်းကျင်သူများ

အင်္ဂလိပ်
(716) 332-4175
support@parentnetworkwny.org
တနင်္လာနေ့– သောကြာနေ့
နံနက်9 နာရီ- ညနေ 4 နာရီ

>WNY ၏ မိဘကွန်ရက်
1000 Main Street
Buffalo, NY 14202

တစ်ယောက်-တစ်ယောက်ချင်း အနီးကပ်ကူညီပေးသော တောင်းဆိုချက်အတွက်အလုပ်ကဏ္ဍမှာ:

  • တစ်ဦးချင်း ပညာရေး ပရိုဂရမ်(IEP) လုပ်ငန်းစဉ်
  • ကလေးဘဝ အစောပိုင်းကာလ ဝန်ဆောင်မှုများနှင့်ပရိုဂရမ်များ
  • အထူးပညာရေး မေးခွန်းများ
  • သယ်ယူပို့ဆောင်ရေး စီမံကိန်းများ
  • သယ်ယူပို့ဆောင်ရေး အကြောင်းကိစ္စများ
  • ဖွံ့ဖြိုးမှုယိုယွင်းသော မသန်မစွမ်းဖြစ်မှုများ၊ စိတ်ကျန်းမာရေး နှင့်၊ အခြားအရာများ အပါအဝင်
    လမ်းညွှန်ဖြင့်ရှာဖွေရေးစနစ်များ
  • လေ့ကျင့်ရေးစခန်းများ၊ ကျောင်းပြီးနောက်ပိုင်း ကာလ နှင့်၊ အခြား လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းများ
    (အထူး လိုအပ်သည့်အရာများအတွက်ဝန်ဆောင်မှုများ ပါဝင်သော)
  • မသန်မစွမ်းဖြစ်မှုသတ်သတ်မှတ်မှတ်ဖြင့်ဆောင်ရွက်ခြင်း
အခမဲ့ စကားပြန်ဝန်ဆောင်မှုများလည်း အင်္ဂလိပ်စကား မပြောဆိုသူများအတွက် ရနိုင်ပါသည်။

တစ်ယောက်-တစ်ယောက်ချင်း အနီးကပ်ကူညီရန်တောင်းဆိုချက်အတွက်အလုပ်ကဏ္ဍမှာ
အင်္ဂလိပ်မှလွဲ၍ အခြား ဘာသာစကား တစ်ခုခုဖြင့်ဆက်သွယ်လျှင်ပို၍ အဆင်ပြေမည်ဟုထင်သော
ဖုန်းခေါ်သူများအတွက်၊ WNY ၏ မိဘကွန်ရက်သည်သင်ကြိုက်နှစ်သက်သော ဘာသာစကားကိုအကူအညီ
ပေးရန်ဘာသာစကားဖုန်းလိုင်း ဖြေရှင်းနည်းများဖြင့်တွဲဖော်ပြုလုပ်ခဲ့ပြီးပြီး ဖြစ်သည်။ ဤဝန်ဆောင်မှုက
ဘာသာစကား 140 ကျော်ကျော်အတွက်စကားပြန်များ စီစဉ်ပေးပါသည်။

အင်္ဂလိပ်စကား မပြောဆိုသူများအတွက် ဖုန်ခေါ်ရန် အချိန်ဇယား

ဖုန်းခေါ်မည်ကို ကြိုတင်၍ အချိန်သတ်မှတ်ရန်အတွက်၊ support@parentnetworkwny.org သို့အီးမေးလ်
ပို့ပါ။ တနင်္လာ – သောကြာ အထိ၊ နံနက်9 နာရီ- ညနေ 4 နာရီအထိ၊ သင်နှစ်ခြိုက်သော အချိန်ကို ဖော်ပြပါ။
သင်“ဆန္ဒရှိသော ဘာသာစကား” ကို ရွေးချယ်သတ်မှတ်ပါ။ ကူညီပ့ံပိုးပေးမည့်အထူးကျွမ်းကျင်သူတစ်ဦးက
သင့်ကို စကားပြန်တစ်ဦးမှတဆင့်ခေါ်ပါလိမ့်မည်။ ဆန္ဒရှိသော ဘာသာစကား ရွေးစရာများ၏ စာရင်းတစ်ခု
အတွက်၊ ဤနေရာမှာ ကလစ်လုပ်ပါ။

အင်္ဂလိပ်စကား မပြောဆိုသူများအတွက် ဖုန်းခေါ်သည့်အခါ ညွှန်ကြားချက်များ
  • (716) 332-4175 ကို ဖုန်းခေါ်ပါ
  • ဖုန်းကနေ အင်္ဂလိပ်စကားဖြင့်ပြန်ပြောပါလိမ့်မည်။
  • ကျေးဇူးပြု၍ သင်“အကူအညီ” လိုပါက ထုတ်ပြောပါ၊ သင်“ဆန္ဒရှိသော ဘာသာစကား” ကို ဖော်ပြပါ။
  • သင်၏ မေးခွန်းတိုင်းကိုကူညီပေးရန်ကျွနု်ပ်တို့က စကားပြန်တစ်ဦးကိုဆက်သွယ်နေစဉ်မှာ၊ သင့်ကို
    ဖုန်းကိုင်ထားသောပုံစံ၌ ရှိထားစေပါမည်။ ဤလုပ်ဆောင်ချက်သည်အချိန်အနည်းငယ်ကြာနိုင်သောကြောင့်၊
    ကျေးဇူးပြု၍ ဖုန်းလိုင်းပေါ်၌ ဆက်ရှိနေပါစေ။
  • စကားပြန်က စကားပြောဆိုဖို့လိုင်းဝင်လာသည်နှင့်တစ်ပြိုင်နက်၊ WNY ၏ မိဘကွန်ရက်မှကူညီပ့ံပိုးမှု
    အထူးကျွမ်းကျင်သူက၊ သင်လိုအပ်နေနိုင်သော အထူး လမ်းညွှန်ချက်တိုင်း (သို့) အကူအညီတိုင်းကို
    စီစဉ်ပေးခြင်းဖြင့်၊ စကားပြောကို ဦးဆောင်ပါလိမ့်မည်။ စကားပြန်သည်ပြောခဲ့သောစကားကိုသာ
    ပြန်ကျော့ပေးရန်၊ လမ်းညွှန်ချက်များ (သို့) အကြံပေးခြင်းတို့ကိုစီစဉ်မပေးရန်အတွက်
    သင်တန်းပေးထားပါသည်။
  • အကယ်၍ ကျွနု်ပ်တို့၏ WNY ၏ မိဘကွန်ရက်မှကူညီပ့ံပိုးမှုကျွမ်းကျင်သူအရန်သင့်မရှိပါက၊ ကျေးဇူးပြု၍
    သင်“အကူအညီ” လိုအပ်နေကြောင်းနှင့်သင်၏ “ဆန္ဒရှိသော ဘာသာစကား” တို့ကိုအမှာစကား အနေနှင့်
    ချန်ထားပေးပါ (သို့) ကျွနု်ပ်တို့ထံအီးမေးလ်ပို့ပါ။ သင့်ဖုန်းနံပါတ်နှင့်ဆန္ဒရှိသော အချိန်ကိုလည်း၊ သင့်ဖုန်းထံ
    ကျွနု်ပ်တို့ပြန်ခေါ်ရန်အတွက်ချန်ထားပေးပါ။ ကူညီပ့ံပိုးမှုကျွမ်းကျင်သူက သင့်၌ ရှိနိုင်သော
    မေးခွန်းတိုင်းအတွက်အကူအညီပေးရန်၊ စကားပြန်တစ်ဦးနှင့်အတူသင့်ကို ခေါ်ပါလိမ့်မည်။ ဆန္ဒရှိသော
    ဘာသာစကား ရွေးချယ်ခွင့်အတွက်စာရင်းတစ်ခုကို ကြည့်ရန်ဤနေရာမှာ နှိပ်ပါ။
Boy with headphones around his neck checking his phone

ကျွနု်ပ်တို့က ဘယ်သူတွေလဲ။

WNY ၏ မိဘကွန်ရက်သည်၊ အထူး အကူအညီများ လိုအပ်နေသူ(မွေးစကတည်းက အရွယ်ရောက်သည်

အထိ) လူတစ်ဦးစီ၏ မိသားစုများနှင့်ကျွမ်းကျင်သူများ အတွက်၊ ပညာရေးနှင့်အရင်းအမြစ်များကို

စီစဉ်ပေးသည့်၊ အကျိုးအမြတ်-မယူသော အေဂျင်စီဖြစ်သည်။

WNY ၏ မိဘကွန်ရက်သည်၊ မသန်မစွမ်းဖြစ်နေသူလူတစ်ဦးစီ၏ မိသားစုများအား၊ သူတို့၏

မသန်မစွမ်းဖြစ်မှုကိုသိနားလည်စေရန်နှင့်ကူညီပ့ံပိုးမှုဆိုင်ရာ ဝန်ဆောင်မှုစနစ်ကိုလမ်းညွှန်အတိုင်း

ရှာဖွေရန်အတွက်အရင်းအမြစ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်ကူညီပ့ံပိုးသော အုပ်စုတို့မှတဆင့်၊ 1

ယောက်-1 ယောက်ချင်း ကူညီပ့ံပိုးမှုနှင့်ပညာရေးတို့ကို၊ စီစဉ်ပေးပါသည်။ WNY ၏ မိဘကွန်ရက်မှ

ဝန်ထမ်းများနှင့်ဘုတ်အဖွဲဝင်အများစုတို့သည်၊ မသန်မစွမ်းကလေးများ၏ မိဘများ ဖြစ်ကြပြီး၊ ကျွနု်ပ်တို့

လက်လှမ်းမီသော မိသားစုတို့အား၊ တမူထူးသော အမြင်များနှင့်ကိုယ်တွေ့ အတွေ့အကြုံတို့ကို

စီစဉ်ပေးပါသည်။

WNY ၏ မိဘကွန်ရက်မှဝန်ထမ်းများနှင့်ဘုတ်အဖွဲ့ဝင်အများစုတို့သည်၊ မသန်မစွမ်းကလေးများ၏ မိဘများ

ဖြစ်ကြပြီး၊ ကျွနု်ပ်တို့လက်လှမ်းမီသော မိသားစုတို့အား၊ တမူထူးသော အမြင်များနှင့်ကိုယ်တွေ့

အတွေ့အကြုံများနှင့်မျှဝေခံစားမှုတို့ကိုစီမံပေးပါသည်။ ပြန်လည်ဖွဲ့စည်းခဲ့သော 2001 ခုနှစ်မှစ၍၊ WNY ၏

မိဘကွန်ရက်သည်တစ်နှစ်လျှင်လူပေါင်း 10,000 ခန့်ဝန်ဆောင်ပေးနေပါသည်။

မည်သူတွေကို ကျွနု်ပ်တို့ ဝန်ဆောင်ပေးသလဲ

ကျွမ်းကျင်သူများ၊ မိဘများနှင့်စောင့်ရှောက်သူများသည်၊ အထူး အကူအညီလိုအပ်နေသော
ကလေးများအတွက်၊ သူတို့၏ ဘဝအောင်မြင်ရေးအဖို့ကူညီပေးရာတွင်၊ အလွန်အရေးပါသော
အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေသည်ကိုသိသောအားဖြင့်၊ WNY ၏ မိဘကွန်ရက်မှဝန်ထမ်းများသည်
မိဘများနှင့်မိသားစုဝင်များကိုကျွမ်းကျင်သူများနှင့်ထိရောက်စွာ ဆက်သွယ်နိုင်ရန်နှင့်၊ သူတို့ကလေးများအား
အောင်မြင်စွာ အားပေးပ့ံပိုးနိုင်ရန်အတွက်၊ စွမ်းအားမြှင့်တင်ပေးသော နေရာမှာ အထူးပြု
ဆောင်ရွက်ပေးပါမည်။ မိဘကွန်ရက်အနေနှင့်၊ အဆက်မပြတ်စေသော ပညာရေး အခွင့်အလမ်းများ၊
အရင်းအမြစ်များနှင့်ရည်ညွှန်းချက်ဖြည့်ပေးသော ဝန်ဆောင်မှုများကိုစီစဉ်ပေးခြင်းဖြင့်၊ ကျွမ်းကျင်သူများနှင့်
လည်းပဲ အလုပ်လုပ်နေပါသည်။

Burmese Learning Events
အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းစဉ်များ

WNY ၏ မိဘကွန်ရက်သည်မိဘများနှင့်ကျွမ်းကျင်သူများကိုသူတို့ကလေးများ၏ မသန်မစွမ်းဖြစ်မှု
အကြောင်းများအား ပို၍ နားလည်စေရန်နှင့်အထူးပညာရေးနှင့်ကူညီပ့ံပိုးစနစ်အတွက်သူတို့၏ ဗဟုသုတကို
တိုးမြှင့်ရန်အတွက်၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကမ်းလှမ်းပေးပါသည်။
အလုပ်ရုံဆွေးနွေးပွဲများနှင့်ဆီမီနာများသည်၊ မသန်မစွမ်းဖြစ်သူများ၏ မိသားစုများ၊ ကျွမ်းကျင်သူများနှင့်
ဝန်ဆောင်မှုစီစဉ်ပေးသူများအတွက်၊ အခမဲ့ဖြစ်သည်။ တည်ရှိရာ-နေရာ၌ ကလေးသူငယ်စောင့်ရှောက်ခြင်း
အလုပ်ကို၊ တစ်ပတ်ကြိုတင်အကြောင်းကြားခြင်းဖြင့်၊ ရနိုင်ချေရှိပါသည်။ အမည်စာရင်း သွင်းသောအချိန်မှာ၊
ကျေးဇူးပြု၍ ၎င်းအလုပ်ကို(သို့) အခြား မည်သည့်နေရာထိုင်ခင်းများကိုမဆို၊ ၎င်းကိုတောင်းဆိုပါ။
နေ့စွဲနှင့်အချိန်များအတွက်ကျွနု်ပ်တို့၏ အလုပ်ရုံဆွေးနွေးပွဲနှင့်လုပ်ငန်းစဉ်များသို့ဝင်လည်ပါ။

Burmese Resource Library
အချက်အလက်များနှင့် အရင်းအမြစ်များ
loud speaker graphic
အားပေးထောက်ခံမှု

သင့်ကလေး၏ ပညာရေးမှာ ဝင်ပါဆောင်ရွက်ခြင်းသည်၊ ကျောင်းပညာရေးသက်တမ်း တစ်လျှောက်လုံးတွင်

သင့်ကလေး လိုအပ်နေသော အကူအညီများကို၊ သူ(သို့) သူမ သေသေချာချာ ရရှိစေအောင်သင်

လုပ်ဆောင်နိုင်သော အရာများထဲက အရေးအကြီးဆုံးအရာ ဖြစ်ပါသည်။

  • သင့်ကလေး၌ အခမဲ့သင့်လျော်သော အစိုးရကျောင်း ပညာရေးကို ရယူရန်၊ အခွင့်အရေး ရှိပါသည်။
  • သင့်ကလေးက အထူးဝန်ဆောင်မှုများကိုလို မလို လေ့လာအဖြေရှာရန်အတွက်ပြုလုပ်သော လုပ်ငန်းစဉ်၌အပါအဝင်၊ သင့်ကလေး၏ ပညာရေးနဲ့ဆိုင်သော ဆုံးဖြတ်ချက်တိုင်းမှာ၊ သင့်အနေနှင့်အဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်ရန်အခွင့်အရေး ရှိပါသည်။
  • သင်ကိုယ်တိုင်သင့်ကလေး၏ အခွင့်အရေးများနဲ့အကျွမ်းတဝင်ဖြစ်နေသင့်သည်။ ဤအခွင့်အရေးများသည်မသန်မစွမ်းဖြစ်သူလူပုဂ္ဂိုလ်များအတွက်ပညာရေးဥပဒေ (IDEA) ဖြင့်ဖက်ဒရယ်အစိုးရ အကူအညီနှင့်ဥပဒေပြဋ္ဌာန်းထားသော အခွင့်အရေးများ ဖြစ်ကြပါသည်။
  • သင်သည်သင့်ကလေးကိုအကောင်းဆုံး သိနားလည်သူဖြစ်ပြီး၊ သင်ဖြည့်ဆည်းပေးသောအချက်အလက်များကိုအခါအခွင့်ရှိတိုင်း ထည့်သွင်းစဉ်းစားပေးပါမည်။အားပေးထောက်ခံမှုနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊ အကြောင်းအရာအချက်အလက်အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။
hand using mobile phone symbol
ထောက်ကူပြု နည်းပညာ

ထောက်ကူပြု နည်းပညာ (AT) ကိရိယာ ဆိုသည်မှာ၊ မသန်မစွမ်း ကျောင်းသားတစ်ဦး၏ ပြုဖွယ်အလုပ်
လုပ်နိုင်စွမ်းရည်များကိုတိုးမြှင့်ရန်၊ ထိန်းသိမ်းရန်(သို့) တိုးတက်ကောင်းမွန်လာစေရန်အတွက်အသုံးပြုသော
မည်သည့်အရာပစ္စည်း၊ တပ်ဆင်ကိရိယာ၏ အပိုင်းအစ (သို့) ဆော့ဖ်ဝဲမျိုး မဆို၊ အသင့်သုံးရန်
အပြီးပြင်ဆင်ထားသော ဆော့ဖ်ဝဲ ဟတ်ခ်ဝဲ ကိရိယာကို ရယူထားသည်ဖြစ်စေ၊ မွမ်းမံထားသည်ဖြစ်စေ၊ (သို့)
စိတ်ကြိုက်အထူးလုပ်ပေးထားသည်ဖြစ်စေ၊ ၎င်းတို့တစ်ခုခုကိုဆိုလိုပါသည်။ AT ဝန်ဆောင်မှုဆိုသည်မှာ၊
ထောက်ကူပြု နည်းပညာ ကိရိယာတစ်ခုကို ရွေးချယ်ရာတွင်၊ ဝယ်ယူရာတွင်၊ အသုံးပြုရာတွင်မသန်မစွမ်း
ကျောင်းသား/သူတစ်ဦးကိုတိုက်ရိုက်ကူညီပေးသော မည်သည့်ဝန်ဆောင်မှုမျိုး မဆို၊ ၎င်းကိုဆိုလိုပါသည်။
AT ဝန်ဆောင်မှုတွင်လိုအပ်ချက်များကိုအကဲဖြတ်ခြင်း၊ အခြား ရောဂါကုထုံးများနှင့်ဝန်ဆောင်မှုများဖြင့်
ပူးပေါင်းဆောင်ရွက်ခြင်း၊ AT ကိရိယာများကို ရွေးချယ်ခြင်းနှင့်ဝယ်ယူခြင်း နှင့်၊ အကယ်၍ ကျောင်းသား/သူ၏
(သို့) ထိုကျောင်းသား/သူ၏ မိသားစု(သို့) နှစ်မျိုးစလုံးကိုသင့်တော်ပါက သင်တန်းပေးရန်လည်း ပါဝင်ပါသည်။

puzzle pieces symbol
ကလေးဘဝက စဖြစ်သော အထီးကျန်စိတ်ဝေဒနာ

ကလေးဘဝက စဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ ဆိုသည်မှာ၊ ဦးနှောက်ဖွံ့ဖြိုးမှုရှုပ်ထွေးယိုယွင်းသော
အုပ်စုများမှအုပ်စုတစ်ခုအတွက်၊ ယေဘုယ အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။ ကလေးဘဝက စဖြစ်လာသော
အထီးကျန်စိတ်ဝေဒနာသည်လေ့လာသင်ယူခြင်း မသန်မစွမ်းဖြစ်မှုနှင့်ဆက်စပ်နေပြီး၊ ကြွက်သား အဆစ်
အရိုးများဖြင့်ခန္ဓာကိုယ်ရွှေ့ရန်ပေါင်းစုဆောင်ရွက်ခြင်းနှင့်အာရုံစိုက်ခြင်း၊ အိပ်စက်ခြင်းနှင့်အစာအိမ်
ပြဿနာများ ကဲ့သို့သော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတို့မှာ ခက်ခဲဒုက္ခဖြစ်စေပါသည်။
ကလေးဘဝက စဖြစ်လာသော အထီးကျန်စိတ်ဝေဒနာနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ
အတွက်၊ အကြောင်းအရာ အချက်အလက်အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။

behavior symbol
အပြုအမူ

အပြုအမူဆိုသည်မှာ၊ မတူခြားနားသော အခြေအနေများ (သို့) ပတ်ဝန်းကျင်များ (သို့) ၎င်းတို့နှစ်မျိုးစလုံးကို
တု့ံပြန်ရာတွင်ကျွနု်ပ်တို့ပြုမူဆောင်ရွက်သော အကျင့်စရိုက်ဖြစ်သည်။ အပြုအမူအားလုံးတို့တွင်
အကြောင်းအကျိုး တစ်ခုခုရှိနေပြီး၊ ကလေးများက တစ်ခုခုကိုဖော်ပြရန်အတွက်အပြုအမူများကို
အသုံးပြုပါသည်။ မိဘများ အနေဖြင့်၊ ကျွနု်ပ်တို့သည်ဘာတွေ အမှန်တကယ်ဖြစ်ပျက်နေသည်ကိုသိမြင်ရန်
အပြုအမူကို စောင့်ကြည့်လေ့လာသင့်ပါသည်။
စိန်ခေါ်နေသော အပြုအမူများ ရှိနေသည့်ကလေးတစ်ဦးကိုကူညီရန်အတွက်ရိုးရှင်းသော ထင်မြင်ချက်များ၌၊
ထိရောက်သော လမ်းညွှန်ချက်များ၊ ဗျူဟာဆင်ကွက်များကို မွမ်းမံခြင်းနှင့်ခဏတစ်ဖြုတ်ပွဲရပ်ပေးခြင်းတို့
ပါဝင်ပါသည်။
အပြုအမူနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊ အကြောင်းအရာ အချက်အလက်
အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။

no bullying symbol
အနိုင်ကျင့်ခြင်း

အနိုင်ကျင့်ခြင်း ဆိုသည်မှာ၊ ထိခိုက်နာကျင်စေရန်အသုံးပြုသော လူပေါ်လူဇော်လုပ်လိုသည့်အပြုအမူ
ပုံစံတစ်မျိုး ဖြစ်ပြီး၊ အများအားဖြင့်အကြိမ်ကြိမ်အခါခါ ဖြစ်တတ်သော အရာဖြစ်သည်။ ကလေးတစ်ဦးကို
ကလေးတစ်ဦးက (သို့) ကလေးအများက အပျက်သဘောဆောင်သော လုပ်ဆောင်ချက်များဖြင့်အချိန်ကာလ
အတန်ကြာအောင်မလုပ်ချင်တာကိုမှရွေးခိုင်းသည့်ပုံစံမျိုး ဖြစ်သည်။ ဒါတွေဟာ၊ မကျေမချမ်းဖြစ်အောင်(သို့)
စိတ်ဒဏ်ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိကြံစည်အားထုတ်မှုများ ဖြစ်ပြီး၊ နာမည်-ခေါ်ခြင်း၊ မျက်နှာ အမူအရာများ
လုပ်ခြင်း၊ မနှစ်မြို့ဖွယ်ဟန်အမူအရာပြခြင်း၊ ထိခိုက်စေအောင်စနောက်ခြင်း၊ ဝိုင်းပယ်ထားခြင်း၊
ခြိမ်းခြောက်ခြင်းများ၊ ကော်လာဟလများ၊ ကိုယ်လက်ရိုက်ပုတ်ခြင်း၊ ကန်ခြင်း၊ တွန်းခြင်း နှင့်၊
အသက်ရှုမွန်းကျပ်အောင်လုပ်ခြင်းတို့ပါဝင်ပါသည်။ ဆိုင်ဗာ-အနိုင်ကျင့်ခြင်း လည်းပဲ တကယ်ဖြစ်နေသော
ကြီးထွားလာသည့်ယနေ့ပြဿနာတစ်ခု ဖြစ်ပါသည်။.
အနိုင်ကျင့်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊ အကြောင်းအရာ အချက်အလက်
အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။

gears in head graphic
ဖွံ့ဖြိုးမှု ယိုယွင်းသော မသန်မစွမ်းဖြစ်မှုများ

ဖွံ့ဖြိုးမှုယိုယွင်းသော မသန်မစွမ်းဖြစ်မှုများ (DD) ဆိုသည်မှာ၊ ကလေး မမွေးဖွားမီကတည်းကနေ အသက်22
နှစ်အထိတိုင်အချိန်မရွေး ဖြစ်ပွားနိုင်သော သတ်သတ်မှတ်မှတ်စိတ်ရောဂါများ ဖြစ်ပါသည်။ ဖွံ့ဖြိုးမှု
ယိုယွင်းသော မသန်မစွမ်းဖြစ်မှုသည်ပုံစံအမျိုးမျိုး ဖြစ်နေနိုင်ပါသည်။ ပုံမှန်ဖွံ့ဖြိုးမှုယိုယွင်းသော
မသန်မစွမ်းဖြစ်မှုအခြေအနေသည်၊ ကလေးတစ်ဦး၏ ဖွံ့ဖြိုးမှုကို ပိုနှေးစေပါသည်၊ (သို့) ကိုယ်လက်လှုပ်ရှားမှု
အခက်အခဲများနှင့်အားနည်းချက်များ ရှိစေပါသည်(သို့) အခြား ကလေးများလို ယေဘုယအားဖြင့်
လေ့လာသင်ယူမှုနှင့်ဖွံ့ဖြိုးကြီးထွားမှုမှာ အခက်အခဲ ရှိစေပါသည်။ တစ်ခါတစ်ရံလူတစ်ဦးသည်
ရောဂါအခြေအနေ (သို့) မသန်မစွမ်းဖြစ်မှုတစ်မျိုးထက်ပို၍ ရှိနေနိုင်ပါသည်။
ဖွံ့ဖြိုးမှုယိုယွင်းသော မသန်မစွမ်းဖြစ်သူများအတွက်နယူးယောက်ပြည်နယ်ရုံး (OPWDD) သည်ဉာဏ်ရည်
မသန်မစွမ်းဖြစ်မှု၊ ကလေးဘဝက စတင်လာသော မသန်မစွမ်းဖြစ်မှု၊ ဦးနှောက်လေဖြတ်ခြင်း၊ ဝက်ရူးပြန်ရောဂါ၊
အာရုံကြော အလိုအလျှောက်ယိုယွင်းခြင်းနှင့်ဦးနှောက်နှင့်အာရုံကြော ပျက်ခြင်း (ထိခိုက်ဒဏ်ရာရခြင်း၊
ပုံမမှန်ခြင်း၊ (သို့) ဗဟိုအာရုံကြောဖွဲ့စည်းမှုစနစ်နှင့်ပတ်သက်သော ရောဂါ) တို့အပါအဝင်၊ ဖွံ့ဖြိုးမှု
ယိုယွင်းသော မသန်မစွမ်းဖြစ်နေသည့်နယူးယောက်ပြည်နယ်သား 126,000 ကျော်တို့အတွက်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ဆောင်မှုများအပိုင်းတွင်တာဝန်ရှိပါသည်။

disability symbol
သတ်သတ်မှတ်မှတ် မသန်မစွမ်းဖြစ်မှုများ

တစ်ဘီလီယံကျော်သော လူများသည်မသန်မစွမ်းဖြစ်မှုပုံစံအချို့ဖြင့်အသက်ရှင်နေကြပါသည်။
နို့စို့ကလေးများ၊ လမ်းလျှောက်တတ်ခါစ ကလေးများ၊ ကလေးများ နှင့်၊ လူငယ်တို့၌ ရှိသော
ကွဲပြားခြားနားသည့်မသန်မစွမ်းဖြစ်မှုများနှင့်ပတ်သက်သည့်အချက်အလက်တွေက၊ ခက်ခဲရှုပ်ထွေးပါသည်။
ကျွနု်ပ်တို့သည်ဖွံ့ဖြိုးနှုန်း ကြန့်ကြာခြင်းများ၊ လေ့လာသင်ယူမှုဆိုင်ရာ မသန်မစွမ်းဖြစ်မှုများနှင့်စိတ်ရောဂါများ
အပါအဝင်၊ ကလေးများ၌ ဖြစ်သော မသန်မစွမ်းဖြစ်မှုလမ်းကြောင်း အပြည့်အစုံနှင့်ပတ်သက်၍
အချက်အလက်များကိုကမ်းလှမ်းပေးပါသည်။ ၎င်းဟာ မသန်မစွမ်းဖြစ်မှုအားလုံး၏ ပြီးပြည့်စုံသော
စာရင်းတစ်ခုမဟုတ်သော်လည်း၊ ကျွနု်ပ်တို့က ပို၍ ယေဘုယဆန်သော မသန်မစွမ်းဖြစ်မှုများမှအချို့ကို

two plus two
အသားပေး ဖော်ပြထားပါသည်။

သတ်သတ်မှတ်မှတ်မသန်မစွမ်းဖြစ်မှုနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊
အကြောင်းအရာ အချက်အလက်အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။
လေ့လာသင်ယူမှုဆိုင်ရာ မသန်မစွမ်းဖြစ်မှုများ
အကယ်၍ သင့်ကလေးက ကျောင်း၌ အခက်အခဲကြားမှာ ရုန်းကန်နေရပြီး၊ ဘာ့ကြောင့်လဲ ဆိုတာကိုသင်
သေချာစွာ မသိလျှင်၊ လေ့လာသင်ယူမှုဆိုင်ရာ မသန်မစွမ်းဖြစ်မှုက အကြောင်းရင်း ဖြစ်နေနိုင်ပါသည်။
ဒီအကြောင်းရင်းကို၊ သင့်ကလေးထံမှသင်မျှော်လင့်နေသော အရာနှင့်သူမ တကယ်လုပ်နိုင်သော အရာတို့
အကြားမှာ ကွက်လပ်တစ်ခုအဖြစ်၊ စဉ်းစားကြည့်ပါ။ တခါတရံ၊ မမြင်ရသော မသန်မစွမ်းဖြစ်မှုများ အဖြစ်၊
သိထားကြပါသည်၊ လေ့လာသင်ယူမှုဆိုင်ရာ မသန်မစွမ်းဖြစ်မှုများသည်- လူတစ်ဦး၏ ဦးနှောက်မည်သို့မည်ပုံ
အလုပ်လုပ်သည့်အပိုင်း – အဖတ်၊ အရေးနှင်သင်္ချာလိုမျိုး နယ်ပယ်များမှာ အချက်အလက်တွေအား ဘယ်လို
လုပ်ငန်းဆောင်ရွက်လဲ ဆိုသည့်အပိုင်း – ကိုထိခိုက်စေပါသည်။
လေ့လာသင်ယူမှုဆိုင်ရာ မသန်မစွမ်းဖြစ်မှုများနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊
အကြောင်းအရာ အချက်အလက်အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။

mental health
စိတ်ကျန်းမာရေး

စိတ်ရောဂါ ဆိုသည်မှာ၊ အခြားသူများနှင့်နေ့စဉ်လုပ်စရာတို့ဖြင့်စပ်လျဉ်းသော လူတစ်ဦး၏ အတွေး၊
ခံစားချက်၊ စိတ်နေစိတ်ထား၊ အရည်အချင်းတို့ကိုပြောင်းလဲစေနိုင်သည့်ဆေးပညာ အခြေအနေတစ်ရပ်
ဖြစ်ပါသည်။ လူတစ်ဦး အနေနှင့်သက်ရှိရှင်သန်ခြင်းအတွက်အများအားဖြင့်တောင်းဆိုသည့်အရာများကို
ကိုင်တွယ်ဖြေရှင်းစွမ်း ရှိချင်မှရှိပါလိမ့်မည်။ အသက်အရွယ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာများနှင့်ဝင်ငွေ
အဆင့်များ အားလုံးတို့ကိုထိခိုက်စေနိုင်ပါသည်။ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အစွဲအလမ်းကြီး၍
အာသာဆန္ဒပြင်းပြခြင်း (OCD)၊ စိတ်ကြွ စိတ်ကျ ရောဂါနှင့်ဖြစ်ရပ်အစွဲကြောင့်စိတ်ဒဏ်ရာဖိစီးမှု(PTSD) တို့
အပါအဝင်၊ ရောဂါလက္ခဏာ အချို့တို့တွေ့ရှိရပါသည်။ သင့်ကလေး အပြင်းအထန်ကြိုးစားကောင်း
ကြိုးစားနေရသည့်အချက်ကို၊ သတိပေးချက်လက္ခဏာများအဖြစ်သတိမူမိရန်အလွန်အရေးကြီးပါသည်။
အကယ်၍ သင့်ကလေးက ဆုံးပါးသော (သို့) ကြီးမားသော ဘဝ အပြောင်းအလဲ (သို့) ဖြစ်ရပ်ကို ကြုံတွေ့ပါက၊
သူ၏ အပြုအမူများကိုအထူး ဂရုစိုက်ပေးပါ။
စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊ အကြောင်းအရာ အချက်အလက်
အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။

looking at brain symbol
အာရုံကြော ယိုယွင်းခြင်းများ

အာရုံကြော ယိုယွင်းခြင်း ဆိုသည်မှာ၊ ကိုယ်ခန္ဓာ အာရုံကြောဖွဲ့စည်းမှုစနစ်ယိုယွင်းမှုတစ်ခုခုကိုဆိုလိုပါသည်။
ဦးနှောက်၊ ကျောရိုးနဗ်ကြော (သို့) အခြား အာရုံကြောများ၌ ဖြစ်သော ဖွဲ့စည်းပုံ၊ ဇီဝဓာတု(သို့) လျှစ်စစ်ဆိုင်ရာ
မူမမှန်ခြင်းများသည်၊ ရောဂါလက္ခဏာ အမျိုးမျိုးကိုအကျိုးသက်ရောက်စေနိုင်ပါသည်။ 2006 ခုနှစ်၌ World
Health Organization ခန့်မှန်းချက်အရ၊ အာရုံကြော ယိုယွင်းမှုများနှင့်၎င်းတို့၏ အကျိုးဆက်(တိုက်ရိုက်
အကျိုးဆက်များ) သည်၊ ကမ္ဘာအနှံ့လူပေါင်း တစ်ဘီလီယံခန့်ထိခိုက်စေခဲ့ပါသည်။

open book
အထူးပညာရေး

သင့်ကလေးမှာ လေ့လာသင်ကြားမှုအခက်အခဲ ရှိနေသလား။ သင့်ကလေးတွင်သူတို့၏ လေ့လာသင်ယူမှု
လမ်းကြောင်းထဲ ရှိနေသော ကျောင်း၌ အခက်အခဲများ ရှိနေသလား။ မည်သည့်ကူညီပ့ံပိုးမှုတွေ
လိုအပ်နေသည်ကို၊ ကူညီပြီး ဆုံးဖြတ်ပေးနိုင်သော ကျောင်းထဲက သင့်ကလေး၏ ဆရာ/မ (သို့)
ကျွမ်းကျင်သူများဖြင့်ပြောဆိုဆွေးနွေးပါ။ စာသင်ခန်း၏ ကူညီပ့ံပိုးမှုအားလုံးဖြင့်
ကြိုးစားအားထုတ်ပြီးနောက်မှာတော့၊ အထူးပညာရေးကိုရှာရမည့်အချိန်မျိုး ဆိုက်ရောက်နေပြီး
ဖြစ်နိုင်ပါသည်။
အကယ်၍ သင့်ကလေးက ကျောင်း၌ အောင်မြင်စေရန်အတွက်ပုံမှန်ထက်ပိုသော အကူအညီကို
လိုအပ်သော်လည်း၊ အထူး ပညာရေးအတွက်သတ်မှတ်ချက်မပြည့်မီလျှင်၊ သင်ဘာလုပ်မလဲ။ 504 စီမံချက်
တစ်ခုကို မေးကြည့်ပါလား! ဤစီမံချက်သည်သင့်ကလေးကိုသူတို့၏ ပညာရေးမှာ အပြည့်အဝ
ပါဝင်နိုင်ရန်အတွက်၊ လိုအပ်နေသော သင့်တင့်နေရာချပေးခြင်းများနှင့်ဝန်ဆောင်မှုများကိုဖွံ့ဖြိုးအောင်
စီမံပေးပါမည်။
အထူးပညာရေးနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊ ကျွနု်ပ်တို့၏ အထူးပညာရေး၊ 504
စီမံချက်နှင့်IEP ဖွံ့ဖြိုးမှုဆိုင်ရာ အကြောင်းအရာ အချက်အလက်အကျဉ်းချုပ်များကိုဆွဲချဖတ်ရှုပါ။

arrows going around symbol
အကူးအပြောင်း

ကျောင်းသား/သူများ ဖြတ်သန်းရသော အကူးအပြောင်းများစွာ ရှိနေပြီး၊ တစ်ခါတစ်ရံဗျာများနိုင်ပါသည်(သို့)
လမ်းညွှန်အတိုင်း ရှာဖွေရန်ခက်ခဲနိုင်ပါသည်။
အစောပိုင်း ဝင်ရောက်စွတ်ဖက်ခြင်းမှ မူကြိုကျောင်းသို့ အကူးအပြောင်း (အသက် 3 နှစ်)
: http://www.kaleidahealth.org/childrens/services/display.asp?s=681 သို့လင့်ချ်ချိတ်ထားပါသည်
မူကြိုကျောင်းမှ စာသင်ကျောင်းသို့ အကူးအပြောင်း (အသက် 5 နှစ်)
: http://www.kaleidahealth.org/childrens/services/display.asp?s=681 သို့လင့်ခ်ချိတ်ထားပါသည်
အရွယ်ရောက်သူသို့ အကူးအပြောင်း (အသက် 14 နှစ်)
အရွယ်ရောက်သူသို့အကူးအပြောင်းသည်၊ မသန်မစွမ်း ကျောင်းသား/သူတစ်ဦးကိုကျောင်းမှ
ကျောင်းပြီးနောက်ပိုင်း ပြုဖွယ်အလုပ်များ ( သက်ရှိရှင်သန်ခြင်း၊ လေ့လာသင်ယူမှု၊ အလုပ်နှင့်အာကစား
နယ်ပယ်များ) သို့ချောမောစွာ ရွှေ့သွားစေရန်အကူအညီပေးပါသည်။ ပြုဖွယ်အလုပ်များသည်
ကျောင်းသား/သူကို အဆက်မပြတ်စေသော ပညာရေး (ကောလိပ်)၊ အသက်မွေးမှုသင်တန်း
(ကုန်သွယ်ရောင်းဝယ်ခြင်း)၊ လခစားအလုပ်(သက်သေခံပေးသည်/အများနှင့်ယှဉ်ပြိုင်ရမည်)၊
သက်ကြီးရွယ်အိုနှင့်မသန်မစွမ်းသူများကိုကူသော ဝန်ဆောင်မှုများ (ပရိုဂရမ်များ)၊ တသီးပုဂ္ဂလ
နေထိုင်ခြင်းနှင့်လူ့အသိုင်းအဝိုင်း၌ ပါဝင်ဆောင်ရွက်ခြင်းတို့အတွက်၊ စွမ်းရည်များကိုဖွံ့ဖြိုးစေပါသည်။
ပြုဖွယ်အလုပ်များသည်ဖော်ပြထားသော အနာဂတ်ရည်ရွယ်ချက်ပန်းတိုင်များကိုအခြေခံပြီး: ထိုထိုသော
ရည်ရွယ်ချက်ပန်းတိုင်များ အောင်မြင်စေရန်အတွက်လိုအပ်သော တတ်သိစွမ်းရည်များနှင့်သက်ဆိုင်သည့်
စိတ်ဝင်စားစရာများ၊ ကြိုက်သောအရာများ၊ မကြိုက်သောအရာများ နှင့်၊ စွမ်းဆောင်ရည်များနှင့်ဖွံ့ဖြိုးမှုများတို့
ပါဝင်ပါသည်။
အရွယ်ရောက်သူသို့အကူးအပြောင်းနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များ အတွက်၊
အကြောင်းအရာ အချက်အလက်အကျဉ်းချုပ်ကိုဆွဲချဖတ်ရှုပါ။